မက်စ်မြန်မာ ကုန်ထုတ်လုပ်မှု ကုမ္ပဏီသည် Max Myanmar Holding ကုမ္ပဏီမှ တည်ထောင်ထားသော လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ မက်စ်ဘိလပ်မြေစက်ရုံကို မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်အနီး လယ်ဝေးမြို့နယ် တောင်ဖီလာဒေသတွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းကို စတင်ခဲ့သည်။ မက်စ်ဘိလပ်မြေစက်ရုံကို Wet Process ဖြင့်တစ်နေ့လျှင် တန်ချိန် ၅၀၀ ထုတ်လုပ်ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်စွမ်းအားနှင့် လောင်စာဆီသုံးစွဲမှုကို လျှော့ချရန် Dry Process သို့ပြောင်းလဲရန် တစ်နေ့လျှင် တန်ချိန် ၂၁၀၀ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွှက်ခဲ့သည်။ ယခုအခါတစ်နေ့လျှင် တန်ချိန် ၂၁၀၀ ထုတ်လုပ်မှုစွမ်းအားအပြည့်ဖြင့် လည်ပတ်လျှက်ရှိသည်။
၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးစနစ်တွင် မြန်မာနိုင်ငံ၏ အကြီးစားအခြေခံ အဆောက်အအုံစီမံကိန်းများ များပြားလာမှုနှင့်အညီ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်လိုအားမြင့်တက်လာပြီး နိုင်ငံအတွင်း၌ ဆောက်လုပ်ရေး အခန်းဏ္ဍကြီးထွားလာခဲ့သည်။ အစိုးရနှင့်ပုဂလိကဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားသည် ဝယ်လိုအား၏ ထက်ဝက်ခန့်သာရှိခဲ့သည်။ ဝယ်လိုအားမြင့်တက်လာမှု ကြောင့် ဘိလပ်မြေရှားပါးမှုကို ဖြည့်ဆည်းပေးရန်အတွက် မက်စ်မြန်မာ ကုန်ထုတ်လုပ်မှု ကုမ္ပဏီသည် မက်စ်ဘိလပ်မြေစက်ရုံ၏ စွမ်းအားကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွှက်လျှက်ရှိသည်။ လာမည့်နှစ်များတွင်လည်း အလုပ်ကိုင် အခွင့်အလမ်း မြှင့်တင်ရန်နှင့် တိုင်းပြည် အခွန်ဝင်ငွေတိုးတက်မြင့်မားလာရန် ဘိလပ်မြေလုပ်ငန်းသည် အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်လာလိမ့်မည်။ ထို့ပြင် ဘိလပ်မြေလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အကျိုးအမြတ် အခွင့်အလမ်း များစွာ ရရှိလာမှုကြောင့် ပြည်ပရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နိုင်သော အရင်းအမြစ် တစ်ခုဖြစ်လာနိုင်သည်။